Monday, April 6, 2009

မင်္ဂလာဆောင်မှာ ၀ါးတီးဆွဲကြရာဝယ်

စနေနေ့တုံးက မင်္ဂလာဆောင်သွားစရာရှိလို့ ကျွန်မလဲ ထမင်း ဟင်း ဘာမှ မချက်ဘဲ ဆီကျက်ခေါက်ဆွဲပြုတ်လေးနဲ့ ကော်ဖီသာလုပ်စားပြီး သွားကြတယ်။ အင်း ဒီလင်းမယားတော့ ဂုံးဆင်းရမယ်ဆို ဘာမှတောင်မချက်စားတော့ပါလားလို့ ပြောစရာဖြစ်တော့မည်။ စနေ၊ တနင်ဂနွေ ထတဲ့အချိန်ကိုလဲ ပြောရရင်ဖြင့် ဒီလင် ဒီမယား နေ့လည်လောက်မှထကြသည်။ ပိတ်ရက်တိုင်း မနက်စာလွတ်ပါသည်။ အဲလိုပဲ ချွေတာရတာပေါ့။ ဟီးဟီး။ ပြောတာက တောင်ရောက် မြောက်ရောက် ဖြစ်ကုန်ပြီလေ။ ပြောချင်တာက မင်္ဂလာဆောင်မှာ စားခဲ့ရတာကို ပြောချင်တာပါ။ အဲ နေရာကတော့ ကျွန်မတို့ မြန်မာတွေ စုရပ် ဖြစ်တဲ့ ပင်နီဆိုလာက အင်းလေးဆိုင်မှာပါ။ ဖူဖေး ကျွေးတာလေးတွေကို ရေးရရင်ဖြင့် ၀က်သားနဲ့အားလူးချက်၊ ဆိတ်သားနဲ့ကုလားပဲဟင်း၊ ငါးချိုချဉ်ကြော်၊ ကြက်သားနဲ့ ကြာဇံအအေးသုပ်၊ သီးစုံ အစိမ်းကြော်၊ သခွားသီးသုပ်၊ ပုဇွန်ခြောက်ကြော် နဲ့ ဟင်းရည်ကတော့ ကျန်မဆိုင်ဟင်းရည်လို့ထင်ပါတယ်။( မေ့ခဲတဲ့ ဟင်းကျန်လဲ ခွင့်လွတ်နော်။ ကျွန်မဦးနှောက်ထဲ အသေအချာတော့ မှတ်ခဲ့တာပဲ) ကျွန်မလဲ တမျိုးစီကို များများ အဲအဲ မှားလို့ တမျိုးစီကို နည်းနည်းနဲ့ အကုန်လုံးယူခဲ့ပါတယ်။ ဒါမှ ဘယ်ဟာက ပိုကောင်းတယ်ဆိုတာ ဝေဖန် အဲအဲ သိရအောင်ပါ။


ကျွန်မမှာ မစွံသေးသော လူပျိုကြီး၊ အပျိုကြီး သူငယ်ချင်းများကျန်သေးသာကြောင့် သူတို့အလှည့်ရောက်ရင် ဘာလေးကျွေးပါလား ညာလေးကျွေးပါလားဆိုပြီး ပြောလို့ရအောင်ပါ။ သိရင်တော့ သတ်ခံရမည် ထင်ပါသည်။ ဟီး။ ဟင်းအကြောင်းကို ဆက်ပြောရရင် ကျွန်မစားတဲ့ ၀က်သားနဲ့အားလူးချက်ဟင်းက ၀က်သားက နည်းနည်းမာပါတယ်။ အာလူးကတော့ နူးပါတယ်။ ဆိတ်သားနဲ့အားလူးကတော့ပြောစရာမရှိ။ ငါးချိုချဉ်ကြော်လဲ နည်းနည်းလေးမာပါတယ်။ သို့ပေမယ့်လည်း အရသာတော့ ကောင်းပါတယ်။ အဲဒီအထဲက ကျွန်မအကြိုက်ဆုံးကတော့ ကြက်သားနဲ့ကြာဇံအအေးသုပ်ပါပဲ။ ကျွန်မ ပါးစပ်နဲ့တော့ တော်တော်လေးကို ခံတွင်းတွေပါတယ်။ သီးစုံ အစိမ်းကြော်နဲ့ သခွားသီးသုပ် ကတော့ ပုံမှန်ပါပဲ။ ပုဇွန်ခြောက်ကြော်လေးတော့ အတော်လေးကိုကောင်းပါတယ်။ ဟင်းရည်ကတော့ ရိုးရိုး မှန်ရောင်ဟင်းရည်ပါ။ သောက်လို့ကောင်းပါတယ်။ သူငယ်ချင်းများနဲ့ လေတွေအကောင်းလွန်သွားလို့ အချိုပွဲများကိုတော့ ဓာတ်ပုံမရိုက်ဖြစ်ခဲ့ပါ။ အချိုပွဲလေးတွေကတော့ ဖရဲသီး နဲ့ သခွားမွှေး၊ လိမော်ရည် နဲ့ ရွှေရင်အေးပါ။ ထမင်းလဲ တစ်ပန်းကန် မောက်မောက်စားပြီး၊ အချိုပွဲအားလုံးကိုလဲ စားခဲ့ပါကြောင်း။ သတိုးသမီး၊ သတိုးသားနဲ့ ဓာတ်ပုံများလဲရိုက်ခဲ့ပါကြောင်း။ ကျေးဇူးလဲ အထူးတင်ပါကြောင်း။



ဒါက ကျွန်မ ပန်းကန်


ဒါက သူ့ပန်းကန်

ကဲ ဒါလေးကို သုံးဆောင်သွားပါအုံးလား။

3 comments:

ပုံရိပ် / Pon Yate said...

အားကျလိုက်တာ။ စားရတာကို ပြောပါတယ်။

နွေးနေခြည် said...

မမမိုး အလှူလက်ဖက်နဲ့ မျက်နှာလုပ်နေပါတယ်

:P said...

စားချင်လိုက်တာ