Thursday, April 2, 2009

ငါးကင် (အိမ် ငါးကင်)

ဒီနေ့မနက် ဈေး(wet market) သွားလိုက်တယ်။ ကျွန်မက အသား ငါး ဆိုရင် ဈေးမှာဝယ်တာများတယ်။ ကိုယ်ကြိုက်တဲ့ အသားလေးကို ရွေးပြီးဝယ်လို့ရတာပေါ့။ ဒီကို ရောက်ခါစတုံးက wet market မှာမ၀ယ်ဘူး။ ဘယ်လိုဝယ်ရမှန်းမသိတာလဲ ပါပါတယ်။ fair price(NTUC), shop n save, Sheng siong supermarket တွေမှာတာ ၀ယ်ပါတယ်။ အဲဒီထဲက Sheng siong ကိုတော့ အကြိုက်ဆုံးပဲ။ ဘာလို့လဲဆိုတော့ အသီးအရွက်တွေဆိုရင် ကိုယ်လိုသလောက်ချိန်ပြီး ၀ယ်လို့ရတယ်။ ဥပမာ......သီးစုံချဉ်ဟင်း ချက်မယ်ဆိုရင် ဟိုဟာနည်းနည်း ဒီဟာနည်းနည်းဆီ ၀ယ်လို့ရပါတယ်။ အခု ဒီနားမှာ Sheng siong မနီးတော့လဲ မ၀ယ်ဖြစ်တော့ပါဘူး။ fair price နဲ့ shop n save မှာဆိုရင်တော့ အသီးအရွက်တော်တော်များများက ပါကင်ထုပ်ထားတာများတယ်။ အများကြီးဝယ်ပြန်တော့လဲ ပိုက်ပိုက်ကုန်တယ်လေ။ အဲလေ.......ပြောချင်တာက ဒီနေ့ဈေးလဲသွားရော ငါးဆိုင်မှာ လူတွေတန်းစီလို့။ ဒီမှာ လူတန်းစီပြီဆို သဘောပေါက်။ တန်လို့ ကောင်းလို့ပဲ။ ကျွန်မလဲ သူများတွေဝယ်နေတာ ဟိုကြည့် ဒီကြည့် လုပ်လိုက်တယ်။ အဓိက ပိုက်ပိုက်ဘယ်လောက်လဲပေါ့။ ယနေ့ဝယ်ခဲ့တဲ့ ငါးတစ်ကောင်ကြီးကြီးကို (ငါး နာမည်တော့ မသိပါ) S$ 2, S$ 2.5 တဲ့။ ကျွန်မလဲ မဆိုးဘူး ၀ယ်အုံးမှဆိုပြီး ငါးကို အနေတော်ရွေး ၂ ကောင်ရွေးပြီး ကြူ (တန်းစီ) လိုက်တယ်။ ငါးကို ဒီအတိုင်း မရှင်းလင်းဘဲယူခဲ့ရင်တော့ ပိုမြန်ပါတယ်။ မရှင်းလင်းခဲ့ရင်တော့ မနက်ခင်းတချိန်လုံး ငါးနဲ့ နပန်းလုံး နေရမည်။ ဒါတွေ ဒါတွေ သိလို့ ရှင်းလင်းပြီးမှ ယူခဲ့သည်။ သူတို့လုပ်ပေးလိုက်ရင် ကိုယ်လုပ်ရတာ သက်သာတယ်လေ။ အိမ်ရောက်တာနဲ့ နည်းနည်းပါးပါးရှင်းလင်းရေး လုပ်လိုက်ရင်ရပါပြီ။




ငါးကင်လား ငါးကြော်လား သုံးဆောင်သွားပါအုံးလား



အဝေးပုံ


ဒီလိုအရွယ် ငါး ၂ ကောင်ကို S$ 3.2 ပါ။ ဒီနေ့ တကောင်ပဲကြော်သည်။ ကျန်တကောင် တုံးတစ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားလိုက်သည်။ နောက်နေ့များမှာမှ ကြော်၊ ချက်၊ ပေါင်း၊ အုံး တခုခုလုပ်မည်။



ကန်စွန်းရွက်ကြော် သုံးဆောင်သွားပါအုံးလား။






ငါးကင် အတွက် လိုအပ်သောအရာ

ငါး
ကြက်သွန်နီ ၂ လုံး
ကြက်သွန်ဖြူ ၅ တက်
ဂျင်း လက် ၃ ဆစ်
ငရုတ်သီး ၅ တောင့်
ပင်စိမ်းရွက်
ဖက်ဖယ်ရွက်
ရှမ်းနံနံ (ကျွန်မမှာ မရှိလို့မထည့်လိုက်ပါဘူး)



ငါးကင်ပုံ

ငါး အကြေးခွံကိုသေချာခွာရေနဲ့ဆေးလိုက်တယ်။ ပြီးရင် မန်ကျည်းမှည့် နည်းနည်းကို ရေဖျော်ပြီး ငါးကို ဆေးပါ။ အိမ်မှာတော့ ဘယ်ငါးချက်ချက် မန်ကျည်းမှည့်နဲ့ ဆေးတတ်ပါတယ်။ ငါး အညှီနံတွေ ပျောက်သွားအောင်ပါ။ ပြီးရင်တော့ ငါးကို ဆား၊ အချိုမှုန့်နဲ့ နယ်ထားပြီ ၁၅ မိနစ်လောက်နပ်ထားပါ။ ငါးထဲ ဆားလေး ပြားလေး ၀င်သွားအောင်ပါ။ ငါးကို နပ်ထားတဲ့အချိန် အဆာပလာကို လုပ်ပါမည်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးစိမ်း၊ ပင်စိမ်း၊ ဖက်ဖယ်ရွက်တို့ကို ဆား နဲ့ အချိုမှုန့် နည်းနည်းထည့်ပြီး တောက်တောက်စင်းထားပါ။ ပြီးရင် ငါးဗိုက်ထဲသို့ သွတ်ပြီး ကင်နိုင်ပါတယ်။ ကင်စားရင်တော့ ပိုပြီး အနံမွှေးတာပေါ့ နော်။ ဒါမှမဟုတ် ကြော်နိုင်ပါတယ်။ ကြော်ရင်တော့ အဆာပလာထဲ ဆီတော့ဝင်တာပေါ့နော်။ ကျွန်မမှာ ကင်စရာ မိုက်ခရိုဝေ့ လဲမရှိဆိုတော့ မကင်ဘဲ ကြော်လိုက်ပါတယ်။ ငါးကိုအရင်ကြော်လိုက်ပါတယ်။ ပြီးမှ အဆာပလာ ဆီနည်းနည်း ရေနည်းနည်း ထည့်ပြီး ကြော်လိုက်ပါတယ်။ ပြီးမှ အပေါ်ကနေ အဆာပလာကို ဆမ်းချလိုက်ပါတယ်ရှင်။ ပြောတော့အကင် လုပ်လိုက်တော့ အကြော်ကြီးပါလားနော်။ ဟီး......... ရှိတာလေးနဲ့ ဖြစ်အောင်လုပ်ရတာဆိုတော့လဲ သီးခံပါရှင်။ ကဲပါလေ............ ဟောဒီက ကျွန်မရဲ့ ငါးကြော်လား ငါးကင်လား ဘယ်လိုခေါ်ရမှန်းမသိဘူး။ သုံးဆောင်သွားပါအုံးလား။

7 comments:

WWKM said...

ငါးကင်ရော.. ကဇွန်းရွက်ကြော်ရော အ၀စားသွားပြီဗျို့.
ကဇွန်ရွက်ကြော်လေးက စားရက်စရာတောင်မရှိဘူး.
လှလှလေး.. :D

MrDBA said...

ကိုမန်းကတော့ ဗိုက်ပူထွက်လာဦးမှာဘဲ။

sskyAw said...

အတော်ဘဲ ငါးကင်စားချင်နေတာ ဘယ်လိုကင်ရမှန်းမသိလို့ ခုတော့ နည်းလေးရသွားပြီ။ ကျေးဇူးနော် :)

KYAW

Phyo Evergreen said...

ငိုက်မကြား..ငိုက်မကြား

ဇနိ said...

မန်းကျည်းမှည့်နဲ့ ဆေးတာကို မသိဘူးဗျ
အညှီနံ့ပျောက်တာပေါ့ ကောင်းတယ်
ငါးကင်ကင် ကြော်ကြော် ကြိုက်တယ်

မိုးကောင်းသူ said...

မမ၀ါ
ကန်စွန်းရွက်က နည်းနည်း မည်းသွားတယ်။ ဟီး

ကိုကြီး ဒီဘီ
ထမင်း ဟင်းကြောင့် ပူတာဟုတ်ဘူးနော်။ ဘီယာကြောင့်ပူတာပါ။

sskyaw
လုပ်စားကြည့်ပါ။ လွယ်ပါတယ်။

phyo
ငိုက်မကြားဘူးလား။ အစ်မပဲစားရတာပေါ့။ :)

ကိုဇနိ
ငါးတွေမှန်သမျှ မန်ကျည်းမှည့်နဲ့တာဆေး။ အညှီနံ့ပျောက်တယ်။ ကြော်စား ကင်စားကြည့်ပါ။

Unknown said...

ကြိုက်တယ်ဗျာ